ထားဝယ်မြို့တွင် နွေရာသီအားကစား သင်တန်းများ ဖွင့်လှစ်မည်

ထားဝယ် ဖေဖော်ဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို (၂၁--၂၀၂၄) ရက်နေ့မှ (၁၅--၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းများမှာ ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ကရာတေးဒို၊ ဂျူဒို၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ စားပွဲတင် တင်းနစ်၊ လက်ဝှေ့၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ ရေကူးသင်တန်းများ ဖွင့်လှစ်မည်ဖြစ်သည်။

အဆိုပါ သင်တန်းများကို တိုင်းအားကစားကွင်း၊ မိုးလုံလေလုံ အားကစားခန်းမ၊ ဖူဆယ်အားကစားခန်းမ၊ ရွှေဝယ်သီရိအားကစားကွင်း၊ ထားဝယ်ပညာရေး ဒီဂရီကောလိပ်တင်းနစ်ကလပ်၊ တင်းနစ်ကွင်း စသည့် နေရာများတွင် ဖွင့်လှစ်မည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် မိုးလုံလေလုံ အားကစားခန်းမ၌ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ကျော်ကျော်လတ်