Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်းမြေပဲ ၆၄၆၃ ဧကနှင့် ဆောင်းပဲပုပ် ၃၄၂၇ ဧက စိုက်ပျိုးထားရှိ
Feb 19,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ဒေသအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် တောင်သူများအနေဖြင့် ဆောင်းမြေပဲအပြင် ပြည်တွင်း၊ပြည်ပတွင် စျေးကွက်ရရှိသည့် ဆောင်းပဲပုပ်သီးနှံနှင့် ပဲမျိုးစုံသီးနှံကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့၌ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်များ ကွင်းဆင်းဆောင်ရွက်
Feb 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ယနေ့ မွန်းလွဲ ၁ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေး
Feb 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၁)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သက္ကယ်ပြင်(မဲ)ကျေးရွာတွင် နွေစပါးမျိုးစေ့ချကိရိယာ (စက်ဆွဲ)ဖြင့် စိုက်ပျိုး
Feb 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(မဲ) ကျေးရွာအုပ်စု၊ သက္ကယ်ပြင်(မဲ) ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ကွင်းအမှတ်၆၄၈၊ ဦးပိုင်-(၁)ရှိ တောင်သူဦးအောင်ဇော်ဝင်း၏ လယ်မြေ (၄.၁၉)ဧကတွင် နွေစပါးမျိုးစေ့ချ ကိရိယာ (စက်ဆွဲ)ဖြင့် စိုက်ပျိုးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာတွင် တစ်ပိုင်တစ်နိုင် ဆောင်ရွက်လျက်ရှိသည့် ထန်းမြူအိုးများ ယခင်နှစ်ကထက် အရောင်းတွင်ကျယ်၍ ထန်းမြူအိုးလုပ်ကိုင်သူများ အဆ…
Feb 19,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သီတက္ကန်(မြောက်)ကျေးရွာတွင် တစ်ပိုင်တစ်နိုင် ဆောင်ရွက်လျက်ရှိသည့် ထန်းမြူအိုးများ အရောင်းတွင်ကျယ်၍ ထန်းမြူအိုးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သီတက္ကန်(မြောက်)ကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်နှစ်အထိမ်းအမှတ် “လူငယ်နှင့်စာပေ” စကားဝိုင်း ကျင်းပ
Feb 19,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သည့် ရာပြည့်နှစ်အထိမ်းအမှတ် လူငယ်နှင့်စာပေစကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် Auditoriumခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရွှေစည်းခုံဘုရား ရှေးဟောင်းစောင်းတန်းနှစ်ခုအတွင်းနှင့် ရှစ်မျက်နှာဘုရားတို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်…
Feb 19,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ရွှေစည်းခုံဘုရားကြီး တောင်ဘက်ရှေးဟောင်းစောင်းတန်းနှစ်ခုအတွင်းနှင့် ရှစ်မျက်နှာဘုရားတို့တွင် ယမန်နေ့ နံနက် ၇ နာရီအချိန်က ညောင်ဦး ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9724
Page
9725
Page
9726
Page
9727
Current page
9728
Page
9729
Page
9730
Page
9731
Page
9732
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department