လဲချား ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယနေ့နေ့လယ် ၁ နာရီအချိန်က ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်ဟေမွန်ဦးက ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာကြည့်တိုက်အား ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများကို အလှည့်ကျစနစ်ဖြင့် ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားကာ ဉာဏနှင့်သက်ဆိုင်သည့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်ပီး အာဟာရမုန့်များ ဝေငှခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၃၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
လဲချား(မြို့နယ်၊ ပြန်/ဆက်)