အမြို့မြို့အနယ်နယ်သတင်းများ

Feb 19,2024
တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ကန်ရိုးဘုန်းတော်ကြီးကျောင်း (ခ) ညောင်ပင်သာဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်သံဃာတော်များအား (၃၈၇) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် (၈) နာရီက အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြောင်း သိရသည်။
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် အသက် (၅) နှစ်မှ (၇) နှစ်အရွယ် KG တန်းကျောင်းသား ကျောင်းသူကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှကြိုတင်ကာကွယ်နိုင်ရန်နှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဆုံဆို့ရောဂါနှင့် မေးခိုင်ရောဂါ နှစ်မျိုးစပ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Feb 19,2024
ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများနှင့် ပတ်သက်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နေလယ် (၁၂)နာရီ အချိန်က မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်မှုကို ဟုမ္မလင်း ရပ်ကွက်ရှိ အ-မ-က (၁) ကျောင်းနှင့် ခိုပဲဝ ရပ်ကွက်ရှိ အ-မ-က (၂) ကျောင်းသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 19,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု (Digital Literacy) သင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားခဲ့သည်။
Feb 19,2024
ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 19,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းဘေးရှိ လယ်ယာမြေများ စနစ်ကျလယ်ယာမြေဖော်ဆောင်နိုင်ရေးအတွက် တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပခဲ့သည်။
Feb 19,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းတွင် အသက်(၅၀)နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်စတင်ဆောင်ရွက်ခြင်းအနေဖြင့် ပုဗ္ဗသီရိမြို့နယ် နေပြည်တော် ခုတင်-၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အသက်(၅၀)နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား အထူးကု ဆရာဝန် ကြီး (ဆေးပညာ) ဒေါက်တာပြည့်လင်းလင်းဇော် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 19,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး တောင်ယာသီးနှံများကို အလေးထားစိုက်ပျိုးလျက်ရှိရာ နနွင်းကို စီးပွားဖြစ် စိုက်ပျိုးသူများ တိုးပွားလာမှုကြောင့် နနွင်းမျိုးများ ဈေးကောင်းရရှိလာကာ မျိုးနနွင်းများ သိုလှောင်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။