လိပ်သိုဒေသတွင် နနွင်းစိုက်ပျိုးသူများ တိုးပွားလာ၍ နနွင်းမျိုးများ ဈေးကောင်းရရှိ

လိပ်သို ဖေဖော်ဝါရီ ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး တောင်ယာသီးနှံများကို အလေးထားစိုက်ပျိုးလျက်ရှိရာ နနွင်းကို စီးပွားဖြစ် စိုက်ပျိုးသူများ တိုးပွားလာမှုကြောင့် နနွင်းမျိုးများ ဈေးကောင်းရရှိလာကာ မျိုးနနွင်းများ သိုလှောင်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် နနွင်းတက်အခြောက်များ ဈေးကောင်းရရှိလာသဖြင့် စိုက်ပျိုးတူးဖော်သိုလှောင် ရောင်းချသူများ တွက်ချေကိုက်လျက်ရှိခြင်း၊ တိုးချဲ့စိုက်ပျိုးရန် မြေနေရာများ အဆင် ပြေခြင်း၊ ကျေးရွာတိုင်းတွင် နနွင်းစိုက်ပျိုးသူများ တိုးပွားလာခြင်းတို့ကြောင့် နနွင်းမျိုးဝယ်ယူသူ များပြားလာကာ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

နနွင်းခေါင်း သိုလှောင်ရောင်းချသူများသည် မျိုးနနွင်း ပီနံအိတ် တစ်အိတ်လျှင် (၂၅၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေကြောင်း၊ စိုက်ပျိုးသူများပြားလာ၍ မျိုးနနွင်းလုံလောက်မှု မရှိသောကြောင့် နနွင်းတက် အစိမ်းများမှ မျိုးအဖြစ် သုံးစွဲနိုင်သော နနွင်းတက်အကြီးများကို ရွေးထုတ်ကာ မျိုးနနွင်းအဖြစ် ရောင်းချနေရကြောင်း၊ နနွင်းတက်အကြီး မျိုးနနွင်း တစ်အိတ်လျှင် (၂၀၀၀ဝိ/-) ကျပ် ဈေးရရှိနေကြောင်း  အမှတ်(၁) ရပ်ကွက် နနွင်းမျိုး သိုလှောင်ရောင်းချသူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)