ပျဉ်းမနား ဖေဖော်ဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု (Digital Literacy) သင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက ဒစ်ဂျစ်တယ်နည်းပညာနှင့် အသုံးပြုပုံများအကြောင်း၊ ကွန်ပျူတာအမျိုးအစားများ၊ Application များအကြောင်း၊ အင်တာနက်ချိတ်ဆက်မှုအကြောင်း၊ ရှာဖွေရေးအင်ဂျင် (Search Engine)များအကြောင်း၊ မူပိုင်ခွင့်ရှိနိုင်သော Content များအကြောင်း၊ အင်တာနက်ပေါ်ပေါက်လာပုံ၊ Email အမျိုးအစား၊ လူမှုမီဒီယာ(Social Media) အသုံးပြုခြင်းနှင့် ဒစ်ဂျစ်တယ်ခြေရာ (Digital Footprint) များအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်း ၁၇ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)