နွေသီးနှံများစိုက်ပျိုးရန် မြို့သစ်မြို့နယ် ဆည်မြောင်းဦးစီးဌာနက ဆည်ရေများ စတင်ပေးဝေလျက်ရှိ

မြို့သစ် ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၃-၂၀၂၄ခုနှစ်၊ နွေစပါးနှင့် နွေနှမ်းစိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစတင်၍ ဆည်တမံများမှ စိုက်ပျိုးရေများ စတင်ပေးဝေနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ် ပုလင်းကြီးအုပ်စု၊ ပုဂံမျော်ကျေးရွာတောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် လယ်ရေများသွင်းကာ ထယ်ရေပြင်ဆင်ခြင်း၊ပျိုးထောင်ရေများသွင်းယူခြင်းဖြင့် တောင်သူလုပ်ငန်းခွင်အတွက် စတင်ထွန်ယက်နေပြီဖြစ်သည်။
မြို့သစ်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် နွေစပါးလျာထားဧက (၆၇၁၇)ဧက၊ နွေနှမ်းလျာထားဧက (၃၆၈၉)ဧက လျာထားဆောင်ရွက်လျက်ရှိပြီး နတ်မောက်တမံမှ(၆၈၄၀)ဧက၊ ပုလင်းတမံမှ (၇၀၀)ဧက၊ စွန်ဆည်တမံမှ (၁၈၀၀)ဧကနှင့် ဆဒ္ဒန်ဆည်တမံမှ (၁၀၆၆)ဧက စုစုပေါင်းနွေစပါးနှင့် နွေနှမ်းလျာထားဧက (၁၀၄၀၆)ဧကအတွက် စိုက်ပျိုးရေပေးဝေခြင်းဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ကိုဇော်(ပြန်/ဆက်)