စလင်းမြို့ သန့်ရှင်းသာယာလှပစေရေးစည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင်များ စိုက်ပျိုး

စလင်း ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် ပန်းအလှပင်များစိုက်ပျိုးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက စလင်းမြို့အဝင် ဆိုင်းဘုတ်များတွင်  ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပန်းအလှပင်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများက စည်ပင်သာယာပျိုးဥယျာဥ်အတွင်း စိုက်ပျိုးထားရှိကာ  ပေါင်းသင်၊ ကိုင်းကူး၊ ပျိုးပင်စိုက်ပျိုးခြင်းများနှင့်ရေလောင်းပြုစု၍ စိုက်ပျိုးလျက်ရှိသည့် ပန်းအလှပင်များကို စလင်းစေတုတ္ထရာကားလမ်း မြို့အဝင်ဆိုင်းဘုတ်ပတ်ဝန်းကျင်နှင့် လွတ်လပ်ရေးကျောက်တိုင်ရှေ့တို့တွင် ပန်းအလှပင်များဖြစ်သည့် ဗိုလ်ကတော်ပင်များစိုက်ပျိုးခြင်း စိုက်ပျိုးပြီးအပင်များအား  ရှင်သန်မှုရှိစေရန်  အဖွဲ့ပိုင်မော်တော်ယာဥ်ဖြင့်  ရေလောင်းပေးခြင်းများ  ဆောင်ရွက်ခဲ့သည်။

မြို့နယ်သည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပန်းအလှပင်များစိုက်ပျိုးခြင်း လမ်းဘေးဝဲ/ယာတစ်လျှောက် အရိပ်ရပင်များစိုက်ပျိုးခြင်း ဒေသခံပြည်သူများ၏နေအိမ်ခြံများမှထွက်ရှိသည့် မီးဖိုချောင်သုံးစွန့်ပစ်အမှိုက်များကို ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရန် မြို့ပေါ်ရပ်ကွက်များအတွင်း နေ့စဥ်လှည့်လည်၍ ဌာနဆိုင်ရာရုံးများပြည်သူတို့၏နေအိမ်များမှ စွန့်ပစ်အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဥ်(၃)စီးဖြင့် အလှည့်ကျဆောင်ရွက်ပေးလျက်ရှိပြီး  ပြည်သူများအတွက်  နှစ်စဥ်လမ်းများ၊ တံတားများနှင့် ရေနှုတ်မြောင်းများကို  ပြုပြင်မွန်းမံဆောင်ရွက်ပေးလျက်ရှိကြောင်းကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ  သိရှိရသည်။

မောင်လွင်(စလင်း)