ကသာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ သတ္တမနေ့ဖြေဆို

ကသာ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲ သတ္တမနေ့တွင် သိပ္ပံဘာသာရပ်နှင့် လူမှုရေးသိပ္ပံဘာသာရပ်တို့ကို ကျောင်းသား/‌ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယမန်နေ့ (၁၂)နာရီအချိန်က ဖြေဆိုပြီးခဲ့ကြောင်း  သိရသည်။

ကသာမြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ စာစစ်ဌာနများအလိုက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ Grade-10, Grade-11 နှင့် Grade-12 အထက်တန်းအဆင့် နှစ်ဆုံးစာမေးပွဲဖြေဆိုခွင့်ရှိသူ(၁,၆၃၈)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ(၁,၆၃၈)ဦး ဖြေဆိုသဖြင့် ရာနှုန်းပြည့် ဖြေဆိုပြီးစီးကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းထံမှ သိရှိရသည်။

အခြေခံပညာကျောင်းများအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ Grade-10, Grade-11နှင့် Grade-12  အထက်တန်းအဆင့် နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)