လသာမြို့နယ်တွင် ဘက်စုံသုံးဆပ်ပြာဆီ​ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

လသာ ​ဖေ​ဖော်ဝါရီ ၂၁

ရန်ကုန်တိုင်း​ဒေသကြီး၊​ လသာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က မြို့နယ်အတွင်းရှိပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင်ဝမ်းစာ​ရေးနှင့် စီးပွား​ရေး​​ဆောင်ရွက်နိုင်​​စေရန်ရည်ရွယ်၍ ပူးပေါင်းဖွင့်လှစ်သည့် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ယမန်​နေ့နံနက် (၁၀) နာရီခွဲအချိန်က လူထုအ​​ခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁)ဗိုလ်မှူးဆန်းထွန်း​အောင်က မုဒိတာစကား​ပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ​ဒေါ်နန်းသဲနု​အောင်က ဘက်စုံသုံးဆပ်ပြာ​ပြုလုပ်နည်းအဆင့်ဆင့်ကို ရှင်းလင်း​ပြောကြားခဲ့ပြီး သင်တန်းကို လက်တွေ့သင်ကြားပို့ချ​ပေးခဲ့​ကြောင်းနှင့် သင်တန်းအား (၂၀-၂-၂၀၂၄) မှ (၂၁-၂-၂၀၂၄) ရက်​နေ့ထိ (၂) ရက်ကြာပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၀) ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်​ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်းအဖွဲ့ဝင်များ၊​ သင်တန်းသား/သူများတက်​ရောက်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်