ပန်းတနော်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးမွမ်းမံ (သန္ဓေ/ အရန်) သင်တန်း အမှတ်စဥ် (၁/ ၂၀၂၄) ဖွင့်လှစ်

ပန်းတနော်၊ ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသောမတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးမွမ်းမံ (သန္ဓေ/ အရန်) သင်တန်းအမှတ်စဥ် (၁/ ၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၁၉-၂-၂၀၂၄ ရက်နေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးဦးမောင်မောင်ဦးက ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ပေးနိုင်ရေး ရှာဖွေကယ်ဆယ်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးဦးမောင်မောင်ဦး ဦးဆောင်၍ (သန္ဓေ/အရန်) မီးသတ်တပ်ဖွဲ့ဝင်များက ပန်းတနော်မြို့ River View တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၁၉ ရက်မှ မတ်လ ၁၅ ရက်နေ့အထိ သင်တန်းသား စုစုပေါင်း (၅၀) ဦးတို့အား လက်တွေ့ဇတ်တိုက်လေ့ကျင့်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)