လားရှိုးမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

လားရှိုး ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ(၅)နှစ်စီမံချက်(၂၀၂၄-၂၀၂၈)ကို ညွှန်ကြားချက်နှင့်အညီရေးဆွဲတင်ပြနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးတွင် လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ(၅)နှစ်စီမံချက်(၂၀၂၄-၂၀၂၈)ကို ညွှန်ကြားချက်နှင့်အညီ ရေးဆွဲတင်ပြနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ထွန်းအေး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့တို့မှ တာဝန်ရှိသူတို့က ကလေးအလုပ်သမားဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)