မုံရွာစီးပွားရေးတက္ကသိုလ်တွင် အမျိုးသားအမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၂၂

မုံရွာစီးပွားရေးတက္ကသိုလ်တွင် အမျိုးသားအမျိုးသမီးစစ်တုရင်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါတက္ကသိုလ်အဆောင် (၈) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စတုရင်ပြိုင်ပွဲတွင် အမျိုးသား ပထမဆုကို ဝါဏိဇ္ဇဗေဒအထူးပြု ဒုတိယနှစ်ကျောင်းသား မောင်သန့်ဇင်သစ်ကလည်းကောင်း၊ အမျိုးသမီးပထမဆုကို စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ပထမနှစ်ဂုဏ်ထူးတန်း ကျောင်းသူမသက်ထားဦးတို့ကရရှိခဲ့ပြီး မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာကြူနှင့် ဒုတိယပါမောက္ခချုပ်များ၊ စစ်တုရင်ပြိင်ပွဲ ကျင်းပရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဝါဏိဇ္ဇဗေဒဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာသင်းသင်းအေးတို့က အမျိုးသားအမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဆုများ- အသီးသီးချီးမြှင့်ခဲ့ကြသည်။

မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသား/ကျောင်းသူများအတွက် စစ်တုရင်ကစားနည်းသင်တန်းကို (၂၉-၁-၂၀၂၄ ရက်နေ့မှ ၁၆-၂-၂၀၂၄) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီးနောက် စစ်တုရင်ပြိင်ပွဲကို ကျင်းပပြုလုပ်ပေခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)