မချမ်းဘောမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်အငြိမ်းစားများအား ကျန်းမာ ရေးစောင့်ရှောက်မှုနှင့်ဝန်ဆောင်မှုပေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

မချမ်းဘော ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများအား ပင်စင်လာရောက်ထုတ်ယူချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့်အခြားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးအတွက် ဝန်ဆောင်မှုပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီ တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဝန်ဆောင်မှုပေးရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လာရောက်ထုတ်ယူချိန် အုပ်ချုပ်မှုကိစ္စရပ်များ လစ်ဟင်းမှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထန်းများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကြိုဆိုနေရာချထားခြင်း၊ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊သွေးပေါင်ချိန်ချိန်ပေးခြင်း၊ သွေးတိုးရောဂါနှင့်ဆီးချို ရောဂါရှိမရှိစစ်ဆေးပေးခြင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ အာဟာရဒါနကျွေးမွေးခြင်း၊ လုံခြုံရေးဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုလို ဝန်ဆောင်မှုများဆောင်ရွက်ပေးခြင်းအပေါ် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားဦးရိန်ဒန်းဆင်က" ကျွန်တော်တို့နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေအပေါ် ယခုလိုနွေးနွေးထွေးထွေးကြိုဆိုပေးခြင်း ကူညီဆောင်ရွက် ပေးခြင်းအပေါ်အလွန်ဝမ်းမြောက်ပြီး တာဝန်ရှိသူတွေနှင့် နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးအထူးတင်ပါတယ်" ဟုလည်းပြောကြားခဲ့သည်။

မချမ်းဘောမြို့နယ်တွင် နိုင်ငံရေး၊ ကာကွယ်ရေးနှင့်မြို့ပြဝန်ထမ်းအငြိမ်းစား ၁၇၀ ဦးရှိပြီး ပင်စင်လာ ရောက်ထုတ်ယူချိန်တွင် ယခုကဲ့သို့ဝန်ဆောင်မှုပေးခြင်းဖြင့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများအပေါ် ယုံကြည်မှုစိတ်ကျေနပ်မှုပျော်ရွှင်မှုများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော)