ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-5နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ နှစ်ဆုံးစာမေးပွဲများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၃၆) ခုတွင် Grade-5 ကျောင်းသား၊ ကျောင်းသူ (၂၀၈၀) ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနှင့်လူမှုရေးဘာသာရပ်များကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုလျက်ရှိပြီး အခြေခံပညာအလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန (၈၉) ခုတွင် ကျောင်းသား၊ ကျောင်းသူ (၁၁၇၆)ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့်အထွေထွေသိပ္ပံဘာသာရပ်များကို ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး Grade-5 ခရိုင်စစ်ဆေးခြင်းနှင့် Grade-9 ပြည်နယ်အဆင့်စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)