မုံရွာမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာ ဖေဖေါ်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ မုံရွာမြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများ စုစုပေါင်း (၄၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက အမှာစကားပြောကြားပြီးနောက် ဦးစီးအရာရှိ ဒေါ်ယုယုဝင်းနှင့်အတူ ကလေးအလုပ်သမားပပျောက်ရေး ဥပဒေအကြောင်းအရာများနှင့် စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းဟောပြောခဲ့ကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့်‌ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့‌သည်။

ထို့နောက် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး မှတ်တမ်းဓါတ်ပုံများ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)