ဟုမ္မလင်း ဖေဖော်ဝါရီ ၂၂
ကလေးငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များဖြစ်နိုင်ရေးအတွက် အသက် (၆) လမှ (၅) နှစ်အတွင်း ကလေးငယ်များအားတိုက်ကျွေးခြင်းကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနဝန်ထမ်းက ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ကျေးရွာများသို့ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဟုမ္မလင်းမြို့နယ်ရှိ မှန်ပင်ကျေးရွာအုပ်စု၊ ရေလဲကျေးရွာ၊ ညောင်ပင်သာကျေးရွာတို့တွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက အသက် (၆) လမှ (၅) နှစ်အတွင်း ကလေးငယ်များအား ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ဗီတာမင်အေနှင့်သံချဆေးများ တိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသက် (၆) လမှ (၅) နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးများတိုက်ကျွေးခြင်းကို ဟုမ္မလင်းမြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာများတွင် (၆) လ တစ်ကြိမ် အခမဲ့တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)