မုဒုံမြို့ ကန်ကလေးမြစေတီတောရကျောင်းရှိ ဆုတောင်းပြည့်စေတီတော် ထီးတော်တင်လှူပွဲ ကျင်းပ

မုဒုံ ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ် မုဒုံမြို့နယ် ကန်ကလေးမြစေတီတောရကျောင်းရှိ ဆုတောင်းပြည့်စေတီတော် ထီးတော်တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်သူများက ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ သံဃာတော်အရှင်သူမြတ်များအား တာဝန်ရှိသူများနှင့် အလှူရှင်များတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်သည်။

ထို့နောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်သုံးပတ် လှည့်လည်ပင့်ဆောင်ပူဇော်ခြင်း၊ မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်၍ ပရိတ်နံ့သာရည်များ တ်ဖြန်းခြင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်တင်လှူပူဇော်ခြင်း အထိမ်းအမှတ် ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးကာ စတုဒိသာများ​ ကျွေးမွေးဧည့်ခံကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)