စလင်း ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီ ၃၀ အချိန်က ပုထိုးဖြူရပ်ကွက် ရွှေမန်းဇာတ်ရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗို လ်မှူးမိုးယံမြင့်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးလျက်ရှိသော နိုင်ငံများအကြောင်း ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းအရာများ၊ ဒုမြို့နယ်ရဲမှူး သန့်ဇင် ဥပဒေအရာရှိ ဦးရန်အောင်တို့က ပြည်သူ့စစ်မှုထမ်း ဥပဒေများကို ပုထိုးဖြူရပ်ကွက်နေ ပြည်သူများအား အကျယ်တစ်ဝင့် ရှင်းလင်းဆွေး နွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ဆယ်အိမ်မှူးများ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ရပ်ကွက်နေ ပြည်သူများမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် ပတ်သပ်၍ အသိပညာပေး လက်ကမ်းစာစောင်းများအား စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် ဗိုလ်မှူးမိုးယံမြင့်တို့မှ ကိုယ်တိုင်ဝေငှခဲ့ကြကာ အထိတ်တလန့် မဖြစ်ကြရန်နှင့် တက်ရောက်လာကြသည့် ပြည်သူများက မရှင်းလင်းသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း