ကရသူရိ ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ရုံးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး ရုံးလုပ်ငန်းလက်စွဲပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆွေးနွေးပြုလုပ်ခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း နည်းစနစ်မှန်ကန်စွာ လိုက်နာဆောင်ရွက်ရေး၊ ရုံးလုပ်ငန်းဆိုင်ရာများယခင်ထက် ပိုမိုတိုးတက်ကောင်းမွန်ရေး၊ ရုံးလုပ်ငန်းသဘောတရားများအား ဝန်ထမ်းများသိရှိနားလည်းရန် လိုအပ်ချက်များကိုဆွေးနွေးပြောကြားသည်။ ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ က ရုံးလုပ်ငန်းလက်စွဲပါစာအုပ်၏ မှတ်တမ်းထိန်းသိမ်းခြင်းကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ က ရုံးစာရေးသားနည်းနှင့် ငယ်/ရေးမှ စာပေးစာယူ တို့ကို အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါဆောင်ရွက်ခြင်းသည် ရုံးလုပ်ငန်းများဆောင်ရွက်ရာ၌ အရည်အသွေးများတိုးတက် ကောင်းမွန်းစေပြီးသတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေးနှင့် ရုံးလုပ်ငန်းပိုမိုတိုးတက်မြန်ဆန်းရေး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)