လိပ်သို ဖေဖော်ဝါရီ ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ယခုအချိန်တွင် တောတောင်များ၊ တောင်ကုန်းတောင်တန်းများ၊ တောင်ငူ-လိပ်သို ကားလမ်းဘေးဝဲယာများ၊ နေအပူချိန်မြင့်သောနေရာများနှင့် တောင်ယာဒေသများတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များကို ဒေသခံပြည်သူများက လိုက်လံချိုးယူရောင်းချကာ တံမြက်စည်းချောများ တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
တံမြက်စည်းပင်မျာသည် တောင်ငူ-လိပ်သို ကားလမ်းဘေးဝဲယာများတွင် နေရာကွက်၍ ပေါက်ရောက်ပြီး တောင်ယာများ၊ ဥယျာဉ်ခြံများတွင် အစုလိုက်ပေါက်ရောက် လျက်ရှိရာ ဒေသခံပြည်သူများသည် တံမြက်စည်းပင်များကို ချိုးယူပြီး ကုန်ကြမ်းအဖြစ် ရောင်းချသည့်အပြင် တံမြက်စည်းချောများ ပြုလုပ်ရောင်းချကြသည်။
တံမြက်စည်းများကို အခြောက်လှန်းပြီး အပွင့်အမှုန်များအား ရိုက်ခြွေကာ အိမ်သုံးတံမြက်စည်းချောများပြုလုပ်ပြီး ပြန်လည်ရောင်းချရာတွင် တံမြက်စည်း တစ်ချောင်းကို ကျပ် (၁၅၀ဝိ/-) မှ (၂၅၀ဝိ/-) ကျပ်အထိ ရရှိကာ မိသားစုအပိုဝင်ငွေ ရရှိ လျက်ရှိကြောင်း၊ တံမြက်စည်းချောများကို မိမိတို့နေထိုင်ရာဒေသတွင်းသာမက အခြားကျေးရွာ/မြို့ကြီးများမှလည်း မှာယူမှုများရှိလာ၍ တံမြက်စည်းကျစ် ပြုလုပ်ရောင်းချသူများ ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)