ကျောက်ဆည်မြို့နယ်တွင် ပတ္တာကျေးရွာတွင် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူ ဦးမျိုး၏ ဆောင်းကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်   ဖေဖော်ဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပဲသီးနှံမျိုးစုံစိုက်ပျိုးထားရှိရာ ပတ္တာကျေးရွာတွင် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားသော ကွင်းအမှတ် (၂၀၉-ခ) ‌တောင်သူဦးမျိုး၏ ဆောင်းကုလားပဲစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း  သိရှိရသည်။

တောင်သူဦးမျိုး၏ သိပ္ပံနည်းကျ ဆောင်းကုလားပဲများစိုက်ပျိုးရာတွင် မြေအစိုဓာတ်ရှိချိန်တွင် စနစ်တကျ မြေပြုပြင်ထားရှိပြီး မြေပြင်ခြင်း(၄)သောင်းကျပ်၊ မျိုးတန်ဘိုး(၁၅၅,၀၀၀)ကျပ်၊ ပိုးသတ်ဆေး၊ စိုက်ပျိုးခြင်း ကုန်ကျစရိတ် (၅)သောင်းကျပ်၊ ကုန်ကျကြောင်းနှင့် ကျောက်ဆည်မြို့နယ်အနေဖြင့် ဆောင်းကုလားပဲသီးနှံ (၂၈၄၂၆)ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကုလားပဲစိုက်တောင်သူများဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဒေသနှင်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် ရေဆင်း(၆)၊ ရေဆင်း(၁၂)၊ ကုလားပဲ အနီမျိုးများနှင့် ရေဆင်း(၃)၊ ရေဆင်း(၈)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၃) ကုလားပဲအဖြူမျိုးများကို ဖြန့်ဝေပေးလျက်ရှိပြီး ကုလားပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ရေး သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် ပြောင်းလဲစိုက်ပျိုးကြရန် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သည့် နည်းပညာများ ကူညီပေးလျက်ရှိကြောင်း သိရသည်။

သက်မောက်(ကျောက်ဆည်)