ဘုတ်ပြင်း ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ၊ မတ်လ(၁၁)ရက်နေ့ တွင်ကျင်းပ ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာပေးပွဲ၌ အ-ထ-က(ဘုတ်ပြင်း) စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ ၁၆၆ ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ (၁၅၀) ဦး ၊ ပြင်ပဖြေဆိုသူ (၁၆) ဦး ၊ စုစုပေါင်း ကျောင်းသားကျောင်းသူ(၁၆၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ဘာသာအတွဲအနေဖြင့် STEAMS-1 တွင် ( ၁၂ ) ဦး ၊ STEAMS-2 တွင် (၁၅၃) ဦး၊ STAMS-1 တွင်(၁)ဦး ရှိရာ ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ-ထ-က(ဘုတ်ပြင်း) စာစစ်ဌာန တစ်ခုတည်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)