သရက်ချောင်းမြို့နယ်၌ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ထောင့်ပုံစေတီတော်‌မြတ် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်းနှင့် စတီးရွှေသင်္ကန်းကပ်လှူပြီးစီးခြင်း ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

သရက်ချောင်း   ဖေဖော်ဝါရီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ထောင့်ပုံစေတီတော်‌မြတ် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ဆွမ်းခြောက်လောင်းလှူခြင်း၊ အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာ‌ပေးအပ်ခြင်းနှင့် စတီးရွှေသင်္ကန်း ကပ်လှူပြီးစီးခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ထောင့်ပုံစေတီရင်ပြင်တော်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး၊ သံဃာနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာစရနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များက ရှင်ကိုးရှင်သမိုင်းဝင် ရှင်ထောင့်ပုံစေတီတော်‌မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခဲ့ပြီးနောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဆွမ်းခြောက် လောင်းလှူခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် တရားနာဧည့်ပရိသတ်အ‌ပေါင်းတို့က "နမောတဿ"သုံးကြိမ်ရွတ်ဆိုကာ ရှင်ထောင့်ပုံစေတီတော်‌မြတ်လုံးတော်ပြည့် စတီးရွှေသင်္ကန်း ကပ်လှူပြီးစီးခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအားဖွင့်လှစ်၍ တရားနာဧည့် ပရိသတ်အ‌ပေါင်းမှ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံ ငါးပါးသီလခံယူဆောက်တည် ခြင်း၊ ဆရာတော်သံဃာ တော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပန်းခြင်း၊ လှူဖွယ်ဝတ္ထုနှင့် ဆွမ်းဆန်တော်တို့ကို ဆက်ကပ်လှူဒါန်းခြင်းနှင့် ရှင်ထောင့်ပုံစေတီတော်‌မြတ်ဂေါပကအဖွဲ့မှ အလှူငွေဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ရှင်ကိုးရှင်သမိုင်းဝင်ရှင်ထောင့်ပုံစေတီတော်‌ ဘက်စုံဖွံ့ဖြိုးရေးအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်းနှင့် ဂေါပကအဖွဲ့ဝင်များက အလှူရှင်များအား သာဓုအနုမောဒနာဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီးနောက် မော်ရှည်ကုန်းကျောင်းကြီးဆရာတော် ဘဒ္ဒန္တ အရှင်ဝါသဝမှ တရားနာဧည့်ပရိသတ်များအား တရားဓမ္မများချီးမြှင့်ခြင်းနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး "ဗုဒ္ဓသာသနံ စိရံတိဌတု"သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)