ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ရွှေသောင်ယံမြို့ အဏ္ဏဝါသိပ္ပံလေ့ကျင့်ရေးနှင့် သုတေသနကျောင်းတွင် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ

ရွှေသောင်ယံ ဖေဖေါ်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေ(၃)နာရီ(၄၀)အချိန်ခန့်က အစိုးရအဖွဲ့မှဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက် အဏ္ဏဝါသိပ္ပံလေ့ကျင့်ရေးနှင့် သုတေသနစခန်းသို့ ရောက်ရှိကာ ပုသိမ်တက္ကသိုလ်မှ လက်တွေ့သင်တန်းဆင်းလေ့လာရန် ရောက်ရှိနေသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များမှာကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ရွှေသောင်ယံမြို့မှ မြို့အုပ်ချုပ်ရေးမှူးနှင့် အတူဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)