ငဖဲမြို့နယ် လေးအိမ်စုကျေးရွာတွင် ပြည်သူ့စစ်မှုထမ်း ဉပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးဆွေးနွေး

ငဖဲ  ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ကျေးရွာနေပြည်သူများ ပြည်သူ့စစ်မှုထမ်း ဉပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန် ရည်ရွယ်၍ ကျေးရွာများအရောက် ကွင်းဆင်း အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပင်ဦးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချူပ်ရေးမှူး ဦးအေးလှိုင်က  ပြည်သူ့စစ်မှုထမ်းဉပဒေအသိပညာ ပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်နိုင် စိုး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးပွားမောင်၊ မြို့နယ်ဉပဒေအရာရှိ ဦးမျိုးကိုကိုဟိန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်းနှင့် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ယုယုသိန်းတို့ကပြည်သူ့စစ်မှုထမ်းဉပဒေကိုပြဌာန်းရခြင်းနှင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်း အကြောင်းရင်းများ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ စစ်မှုထမ်းရမည့်သူများ၊ ပြည်သူ့စစ်မှုထမ်းမှ ကင်းလွတ်ခွင့် ပြုထားသူများ၊ ပြည်သူ့စစ်မှုထမ်း ဉပဒေဆိုင်ရာ ဉပဒေပုဒ်မ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို  အသိပညာပေး ဆွေးနွေးပြောကြားသည်။

ထို့နောက်တက်ရောက်လာသည့် ကျေးရွာပြည်သူများက ပြည်သူ့စစ်မှုထမ်းဉပဒေနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ပြီး  ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာအသိ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)