နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဟွေထိုက်ချောင်းရေးအားလျှပ်စစ်စီမံကိန်း ရေယူအဆောက်အအုံဖောင်ဒေးရှင်း ကွန်ကရစ်သွန်းလောင်းနေမှု ကွင်းဆင်းစစ်ဆေး

လဟယ် ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဦးလင်းကိုကို နှင့်အဖွဲ့ဝင်များ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနဲ့အဖွဲ့၀င်များသည် ယနေ့နေ့လည်ပိုင်းက လဟယ်မြို့နယ် ဟွေထိုက်ချောင်းအသေးစား ရေအားလျှပ်စစ်စီမံကိန်းရေအားလျှပ်စစ် ရေယူအဆောက်အအုံဖောင်ဒေးရှင်း ကွန်ကရစ်သွန်းလောင်းခြင်းနှင့် ရေလွှဲရေထုတ်ပြွန် ကွန်ကရစ်သွန်းလောင်းနိုင်ရေး ပြင်ဆင်ခြင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု့ စစ်ဆေးပါသည်။

လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဟွေထိုက်ချောင်း ရေအားလျှပ်စစ်စီမံကိန်းတာ၀န်ခံမှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နိုင်ရေးပေါင်းစပ်ညှိနှိုင်းပါသည်။

အဆိုပါ ဟွေထိုက်ချောင်းအသေးစား ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ၎င်းရေးအား လျှပ်စစ်စက်ရုံမှ စက်တစ်လုံးလျှင်(၁)မဂ္ဂါ၀ပ်၊စက်(၄)လုံးဖြင့် လျှပ်စစ်ဓါတ်အား (၄)မဂ္ဂါဝပ် ထုတ်လွှတ် ပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများလူမှုစီးပွားဘဝအတွက် များစွာအကျိုးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်