အမြို့မြို့အနယ်နယ်သတင်းများ

Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွား လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ​ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။
Aug 31,2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကရင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းလူငယ်ဖွံ့ဖြိုးရေး မရဟိတဂေဟာများအတွက် ထောက်ပံ့ကြေးနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားကို ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Aug 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တမူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို သြဂုတ်လ(၂၉) ရက်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဆူးကဏန်းကျေးရွာအုပ်စု၊ ပဆင-ဂွေးချောင်းကြီး ကျေးရွာအဝင် ကွန်ကရစ်တံတား တည်ဆောက်ခြင်း ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ ယနေ့နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မအူပင်မြို့တိုးရွှေဝါခန်းမတွင် ကျင်းပသည်။
Aug 31,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များအား ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဝါးများကုသပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲက စစ်မှုထမ်းဟောင်းအဖွဲ့ရုံးခန်းမ၌ ကျင်းပသည်။
Aug 31,2023
အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ စည်ပင်သာယာရေးအဖွဲ့က လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာလက်ရှိတွင် မြို့သစ်ရပ်ကွက်၊ အနော်ရထာလမ်းအား ကွန်ကရစ်လမ်းနှင့် Box Culvert အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။