ပေါင်မြို့နယ်၌ (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပ

ပေါင် ဖေဖော်ဝါရီ ၂၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို  ကဒါရပ်ကွက်၊ ကမ္ဘာအေးစေတီဘုရား၌ ယနေ့နံနက်က  ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အလံလွှ့င်ထူပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ မွန်အမျိုးသား နိုင်မွန်စိန်အောင်က  မွန်အမျိုးသားတို့သည် စည်းလုံးညီညွှတ်မှုရှိခြင်း၊ ဇာတိသွေး၊ ဇာတိမာန်ရှိ‌သော လူမျိုးဖြစ်ခြင်း၊ မွန်အမျိုးသားနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပနိုင်အောင် ကူညီဆောင်ရွက်ပေးကြသည့်အတွက် ဂုဏ်ယူပါကြောင်း အမှာစကားပြောကြားသည်။

ထိုနောက် မွန်လူငယ် နိုင်ဇော်ဝင်းက မွန်အမျိုးသားများ စာပေနှင့်ယဥ်ကျေးမှုများ မပပျောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ နိုင်စန်းထွန်းကလည်း မွန်အမျိုးသားနေ့နှင့်ပတ်သက်သည့် မြေစိုက်ပိုစတာများ စိုက်ထူးရခြင်း၏ ရည်ရွယ်ချက်များအား ချပြရှင်းလင်းခဲ့သည်။

နေ့လယ်ပိုင်းတွင် သံဃာတော်များထံမှ တရားနာယူပြီး ဆွမ်းနှင့် လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးများပြုလုပ်ခြင်း၊ ညနေပိုင်းတွင် မွန်စာပေ၊ ပုံပြင်၊ ကဗျာနှင့် အားကစားပြိုင်ပွဲများ ဆုချီး​မြှင့်ပြီး မွန်အကပဒေသာများဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်‌သည်။

(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့ကျင်းပခြင်းဖြင့် မွန်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့ထုံးတမ်းများကို ‌ဖော်ထုတ်နိုင်ပြီး မွန်လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်မပျက်အောင် ဂရုပြုကာ လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ကာ မွန်အမျိုးသားနေ့အား အစဉ်အဆက် လက်ဆင့်ကမ်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)