ပေါင်းတည်မြို့၌ မတ်ပဲ ဝယ်လိုအားကောင်းမွန်နေပြီး စျေးကောင်းရရန် တောင်သူများ မျှော်လင့်

ပေါင်းတည် ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဒေသထွက် ပဲမျိုးစုံအဝယ်ဒိုင်များ၌ မတ်ပဲနှင့် ပဲတီစိမ်း အဝင်နည်းလျက်ရှိကြောင်း သိရသည်။ ပဲတီစိမ်းမှာ တရုတ်ဘက်မှ ဝယ်လိုအားနည်းနေကြောင်းနှင့် မတ်ပဲမှာလည်း အိန္ဒိယဘက်မှ ရည်ညွှန်းစျေးသတ်မှတ်ချက်များဖြင့် ဝယ်ယူလာမှုများရှိနေကြောင်း ဒေသခံပဲကုန်သည်များထံမှ သိရသည်။

ယခုလတ်တလောတွင် ဒေသတွင်းမတ်ပဲပေါက်စျေးမှာ ပိဿာ ၂၀ လျှင် ကိုးသောင်း ခုနစ်ထောင်ကျပ်နှင့် ပဲတီစိမ်းစျေးနှုန်းမှာလည်း ပိဿာ ၂၀ လျှင် ခြောက်သောင်း ငါးထောင်ကျပ်ဝန်းကျင် စျေးနှုန်းဖြစ်ပေါ်ကာ မတ်ပဲမှာ ဝယ်လိုအားကောင်းမွန်ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ တောင်သူအများစုအနေဖြင့် ယခင်နှစ်ထက် ပဲအထွက်ကောင်းခဲ့ပြီး တစ်ဧကလျှင် ပျှမ်းမျှတင်း ၂၀ ခန့်ရရှိခဲ့ကြကြောင်း၊ စောလျင်စွာ ရိတ်သိမ်းခဲ့သော ပဲများကို ပိဿာ ၂ဝ ဝင် တစ်အိတ်လျှင် စံချိန်တင်စျေးနှုန်း ကျပ်တစ်သိန်းခွဲခန့် စျေးနှုန်းဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့ပြီးနောက် ယခုရောင်းလိုအား အနည်းငယ်ကျဆင်းနေကြောင်း၊ အဝယ်ဒိုင် သိုလှောင်ရုံများတွင် ပဲအဝင်မသွက်လက်ပဲ ပုံမှန်အ​ခြေအနေသာရှိကြောင်း၊ တောင်သူများအနေဖြင့် ယခုနှစ်ရိတ်သိမ်းထားသောပဲသစ်များကို ကိုင်ထားကာ ယခုထက် စျေးကောင်းရရန် မျှော်လင့်နေကြကြောင်း သိရသည်။

မြို့နယ်