အမြို့မြို့အနယ်နယ်သတင်းများ

Sep 04,2023
မကွေးတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ် လူငယ်သီတင်းပတ် (Youth Weekly) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုချိုလွင်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Sep 04,2023
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် “ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Sep 04,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူတက္ကသိုလ်၌ လူငယ်သီတင်းပတ်အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က တောင်ငူတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
Sep 04,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲက ပွင့်ဖြူမြို့နယ်ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
Sep 04,2023
တနင်္သာရီတိုင်း‌ဒေသကြီး မြိတ်ခရိုင် မီးသတ်ဦးစီးဌာနတွင် မီးသတ်တပ်ဖွဲ့၏ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌ ယာဉ်မောင်းများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်များကို ယာဉ်မောင်းနှင်ကျွမ်းကျင်မှုရှိမှသာ ပြည်သူလူထုကို ထိရောက်စွာ အကာအကွယ်ပေးနိုင်မည်ဖြစ်သည့်အတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူးရုံးတွင်  ယာဉ်မောင်း (မွမ်းမံ)သင်တန်း အမှတ်စဉ်(၄/၂၀၂‌၃)ကို စက်တင်ဘာ(၄)ရက် နံနက် ပိုင်းက ဖွင့်လှစ်ခဲ့သည်။
Sep 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသခံလူငယ်များ၏ ရုပ်သံရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံရေး၊ စွမ်းရည်ထက်မြက် မြင့်မားစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အခြေခံရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာသင်တန်းကို ယနေ့နံနက် ၈ နာရီက ​ဆင်ခေါင်းရပ်ကွက်အတွင်းရှိ MRTV-4 ရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Sep 04,2023
မြိတ်တက္ကသိုလ်တွင် ဗလငါးတန်ဖွံ့ဖြိုးသည့် ကျောင်းသား/သူများ ဖြစ်စေရေးအတွက် လူငယ်ရေးရာ လှုပ်ရှားမှု သီတင်းပတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး   ဘာသာရပ်ပေါင်းစုံ Myanmar Fitness Dance ကကွက်များ ကပြကစားခြင်းနှင့် မြန်မာ့ရိုးရာ ခြင်းလုံးခတ်ကစားနည်းအား သရုပ်ပြခတ် ကစားခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
Sep 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့တွင် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)ရပ်ကွက်အတွင်းရှိ ဆီစက်၊ ရေခဲစက်နှင့် မုန့်တိုက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။