Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Feb 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြင်ပပညာရှင်များ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ တိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Feb 27,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းကို အမှန်တကယ်သိရှိစေရန်၊ ဆိုရှယ်မီဒီယာများ၌ လုပ်ကြံရေးသားဖေါ်ပြလျက်ရှိသော သတင်းတု/သတင်းမှားများအန္တရာယ်ကြောင့်ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန်နှင့် သတင်းအမှန်များကိုသိရှိပြီး အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်ရည်ရွယ်၍ ယနေနံနက် ၉ နာရီအချိန်က သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးနှင့်ဝန်ထမ်းများက သဲကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် ရုံးလမ်းတို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များကိုအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ဆီထွက်သီးနှံ နွေနှမ်းလျာထားဧက (၁၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Feb 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွန်မှာကြားချက်များနှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီကြပ်မှုကော်မတီ) ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာများ ပါဝင်သည့်အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ဝါးတောကျေးရွာအုပ်စုနှင့် မီးလောင်ကျေးရွာအုပ်စုရှိ တောင်သူများနှင့်တွေ့ဆုံ၍ ဝါးတောကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းဆည် (ကျေးလက်ဆည်ထိန်းသိမ်းရေးကော်မတီမှ ထိန်းသိမ်းထားသည့်ဆည်) ရေဖြင့် ဆီထွက်သီးနှံ နွေနှမ်းလျာထားဧက ( ၁၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျွန်းစုမြို့နယ်အတွင်း လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း လက်မှတ်ရေးထိုးချုပ်ဆိုမည့…
Feb 27,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် New Myanmar Renewable Energy Co.,Ltd တို့အကြား တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း Hydro ရေအားလျှပ်စစ်နည်းပညာဖြင့်(၃)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းနှင့် Solar နေရောင်ခြည်စွမ်းအင်သုံးနည်းပညာဖြင့်(၇.၈) မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အကြို စူးစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် ချုပ်ဆိုသည့် နားလည်မှုမှတ်တမ်း Feasibility Study(F.S MOU)များအား လက်မှတ်ရေးထိုးချုပ်ဆိုမည့်အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် Grade-9 ၊ Grade-5 စာမေးပွဲများ ဖြေဆိုလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လိုက်လံကြည့်ရှုအားပေး
Feb 27,2024
လားရှိုးခရိုင်၊လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄ ခုနှစ်ပညာသင်နှစ် Grade-9 နှင့် Grade-5 စာမေးပွဲဖြေဆိုနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်၊ မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းနှင့် ခရိုင်၊ မြို့နယ်တို့မှ တာဝန်ရှိသူတို့က လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် စာဖတ်ဝိုင်း ကျင်းပ
Feb 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ (၁) နာရီက စာရေးဆရာ ညီညီနိုင် (မြန်မာပြန်) ရေးသားသည့် “အောင်မြင်ရေးသော့ချက် A –Z 26” စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၌ ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Feb 27,2024
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၅)၊ အမှတ်(၉)၊ အမှတ်(၁၀)၊ သီးလုံး၊ မြင်းချင်းကျေးရွာများတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒက်ရာရ၊ နေအိမ်မီးလောင်ဆုံးရှုံးခဲ့သည့် ပြည်သူများအား၊ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပဉ္စမနေ့အဖြစ် ဆက်လက်စမ်းသပ်ကုသဆောင်ရွက်ပေး
Feb 27,2024
လားရှိုးမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် ပဉ္စမနေ့အဖြစ် ဆက်လက်၍ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9594
Page
9595
Page
9596
Page
9597
Current page
9598
Page
9599
Page
9600
Page
9601
Page
9602
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department