ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ဒေးဒရဲ ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြင်ပပညာရှင်များ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ တိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို  ယမန်နေ့ နံနက် (၁၀) နာရီက  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပန်းချီသင်တန်းကို ပန်းချီပညာရှင် ဦးအေးမြင့်ဆွေက ကျောင်းသား၊ ကျောင်းသူများ အခြေခံပန်းချီရေးဆွဲနည်းများကို အခမဲ့သင်ကြားပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရပြီး ပန်းချီရေး ဆွဲနည်းသင်တန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ မတ်လ (၃)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအနေဖြင့် နွေရာသီကျောင်းပိတ်ရက် တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရေး အခမဲ့သင်တန်းများ ဖြစ်သည့် အခြေခံပန်းချီသင်တန်းအပြင် ဆေးရောင်ခြယ်သင်တန်း၊ ကဗျာရေးသားနည်း၊ စာစီ စာကုံးရေးသားနည်းနှင့် အားကစားသင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် စာရင်းပေးသွင်း၍ တက်ရောက်နိုင်ကြောင်း သိရသည်။

အေဇာလင်း