ရွှေတောင် ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွန်မှာကြားချက်များနှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီကြပ်မှုကော်မတီ) ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာများ ပါဝင်သည့်အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ဝါးတောကျေးရွာအုပ်စုနှင့် မီးလောင်ကျေးရွာအုပ်စုရှိ တောင်သူများနှင့်တွေ့ဆုံ၍ ဝါးတောကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းဆည် (ကျေးလက်ဆည်ထိန်းသိမ်းရေးကော်မတီမှ ထိန်းသိမ်းထားသည့်ဆည်) ရေဖြင့် ဆီထွက်သီးနှံ နွေနှမ်းလျာထားဧက ( ၁၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ရွှေတောင်မြို့နယ်အတွင်း ဒေသတွင်း ဆီဖူလုံမှုရရှိစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်းတို့အား တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းဆွေးနွေးခြင်း၊ ယခင်နှစ် ဆည်ကြီးကုန်းဆည်ရေဖြင့် နွေနှမ်း (၆၈) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်နှစ်ထက် နွေနှမ်းစိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်လျာထားဧက (၁၀၀) ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ လိုအပ်သည့်နှမ်းမျိုးဖြစ်သည့် (ဂွကြောနက်မျိုး) ရရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီမှ စီမံဆောင်ရွက်ပေးမည်ဖြစ်ပြီး တောင်သူများအနေဖြင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေပေးမြောင်းများ၊ ခြုံနွယ်များရှင်းလင်းခြင်းနှင့် တူးဖော်ခြင်းလုပ်ငန်းများအား ၂၀၂၄-ခုနှစ်၊ ဖေဖော်ဝါရီလကုန်အပြီး ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ဆည်မြောင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများမှ ရေသွင်း/ ရေထုတ်နှင့် စိုက်နည်းစနစ်မှန်ကန်ရေးတို့အား အသိပညာပေး ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)