လားရှိုး ဖေဖော်ဝါရီ ၂၇
လားရှိုးမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် ပဉ္စမနေ့အဖြစ် ဆက်လက်၍ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရောဂါလာရောက်စမ်းသပ်ကုသခဲ့သူ ၁၃၀ ဦး၊ ၂၂ ရက်နေ့တွင် ၁၄၈ ဦး၊ ၂၃ ရက်နေ့တွင် ၈၅ ဦး၊ ၂၆ ရက်နေ့တွင် ၆၅ ဦး လာရောက်စမ်းသပ်ကုသခဲ့ကြပြီး လိုအပ်သည့်ဆေးဝါးများကို တစ်လစာထုတ်ပေးလျက်ရှိနေကြောင်း သိရသည်။
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ပင်စင်လစာထုတ်ရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဖေဖော်ဝါရီလ ၂၁ ရက် ၊ ၂၂ ရက် ၊၂၃ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက် ၊၂၇ ရက် ၊ ၂၈ ရက်နေ့များတွင် လိုအပ်သည့် ဆေးဝါးစမ်းသပ်ကုသပေးမှုများကို စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)