ရွှေဘိုမြို့၌ ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ရွှေဘို ဖေ​ဖော်ဝါရီ ၂၇

လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊​​ ရွှေဘိုခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၅)၊ အမှတ်(၉)၊ အမှတ်(၁၀)၊ သီးလုံး၊ မြင်းချင်းကျေးရွာများတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏မိုင်း​ထောင်​ဖောက်ခွဲမှု​​ကြောင့် ဒက်ရာရ၊ နေအိမ်မီး​လောင်ဆုံးရှုံးခဲ့သည့် ပြည်သူများအား၊ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်အနားတွင် ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ဦးစီးဌာန၊ ဦးစီးအရာရှိ ​ဒေါ်​ချောစု က ​ထောက်ပံ့​ပေးအပ်ရသည့် အ​ကြောင်းအရင်းများကို ရှင်းလင်း​ပြောကြားခဲ့ပြီး တက်​ရောက်လာ​သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီ၊ အတွင်း​ရေးမှူးနှင့် အဖွဲ့ဝင်များက​ ထောက်ပံ့​ငွေများ ​ပေးအပ်ရာ ရပ်ကျေးအုပ်ချုပ်​ရေးမှူးနှင့်​ ကျေးရွာသူ/သားများ၊ ထိခိုက်ဒဏ်ရာရရှိသူများ က လက်ခံရယူခဲ့​ကြောင်း သိရသည်။

အဆိုပါ​ထောက်ပံ့​ပေးအပ်ပွဲတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်း​ထောင်​ဖောက်ခွဲမှုကြောင့် ဒဏ်ရာရပြည်သူ (၄)ဦးနှင့် ​နေအိမ်မီး​လောင်ဆုံးရှုံခဲ့သည့် ​အိမ်​ထောင်စု (၅၉)၊ ပြည်သူ (၂၅၀)ဦး တို့အတွက် ​စုစုပေါင်းတန်ဖိုး​ငွေ (၇၆၀၅၀၀၀) ကျပ် ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။

​ခရိုင် (ပြန်/ဆက်)