လားရှိုး ဖေဖော်ဝါရီ ၂၇
လားရှိုးခရိုင်၊လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄ ခုနှစ်ပညာသင်နှစ် Grade-9 နှင့် Grade-5 စာမေးပွဲဖြေဆိုနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်၊ မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းနှင့် ခရိုင်၊ မြို့နယ်တို့မှ တာဝန်ရှိသူတို့က လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
စာမေးပွဲဖြေဆိုနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် အမှတ်(၂)အခြေခံပညအထက်တန်းကျောင်း၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်တွင် အခြေခံပညာကျောင်းများမှ Grade-9 ကျောင်းသား၊ ကျောင်းသူ ၂၂၁၉ ဦး၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၅၇ ဦး၊ Grade-5 ကျောင်းသား၊ ကျောင်းသူ ၄၆၈၀ ဦး၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၉၇ ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ၂၅၈ ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)