ကျွန်းလှမြို့နယ်၌ ပဲစင်းငုံ ဧက ၁၁၅၀၀ ကျော် ရိတ်သိမ်းပြီး

ကျွန်းလှ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော ပဲစင်းငုံ ဧက ၁၁၅၀၀ ကျော်ရိတ်သိမ်းပြီး ၂၆၀၀၀၀ တင်းကျော်ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးအနေဖြင့် မိုးသီးနှံစိုက်ပျိုးရာသီတွင် (၁၆၀၀၀) ဧကကျော်၊ ဆောင်းရာသီတွင် (၂၁၀၀၀)ဧကကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ “ကျွန်းလှမြို့နယ်မှာ ပဲစင်းငုံသီးနှံကို ‌သီးသန့်စိုက်ပျိုးကြပြီး တစ်ချို့တောင်သူတွေက အစေ့ထုတ်ပြောင်းနဲ့ သီးညှပ် စိုက်ပျိုးကြပါတယ်။ အခုအခါ စိုက်ဧကရာနှုန်းပြည့်ရိတ်သိမ်းပြီး တစ်ဧက ၁၄ တင်းကျော်ထွက်ရှိပါတယ်။ ဒီနှစ် ပဲစင်းငုံသီးနှံဈေးကောင်းနေပြီး တစ်တင်းငွေကျပ် တစ်သိန်းကျော်ဈေးရှိပါတယ်။ တောင်သူတွေ အကျိုးအမြတ်ရရှိနေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်၊ အခြားသီးနှံစုံနှင့် နှစ်ရှည်ပင်များစိုက်ပျိုးကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိနေကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ