မုံရွာ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှ ထမ်းရန် ကာလအပိုင်းအခြားနှင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းမှုဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ရေး လုပ်ငန်းစဉ်များကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိက ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များနှင့် ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုမှုများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ ပြစ်မှုနှင့်ပြစ်ဒဏ်များကိုလည်းကောင်း အသီးသီးချပြရှင်းလင်း ဆွေးနွေး ခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ထွေ/အုပ် ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)