သံတောင်ကြီးဒေသတွင် ဆေးအိုးပုတ်အပင်များ ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

သံတောင်ကြီး ဖေဖော်ဝါရီ  ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တော်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောင်ကုန်းတောင်တန်းထူထပ်ပေါများသည့်အတွက်  ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည့်  ဆေးအိုးပုတ်ပင်များမှာ နေရာအနှံ့ သဘာဝအတိုင်း ပေါက်လျောက်ရှင်သန်ကြပြီး ဒေသခံပြည်သူများမှာ ဆေးအိုးပုတ်အပင်များ ခူးယူရောင်းချခြင်းဖြင့် မိသားစုအဆေပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ခရမ်းရောင်အပွင့်ပါသော ဆေးအိုးပုတ်ပင်များမှာ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး အသီးမှာသောက်ရေအိုးပုံသဏ္ဍာရှိပြီး သံတောင်ကြီးဒေသရှိ ကားလမ်းဘေးများ၊ ဉယျာဉ်ခြံများနှင့်တောင်ကုန်းတောင်တန်းများတွင် ပေါက်ရောက်ရှင်သန်ကြသည်။ ဆေးအိုးပုတ်အပင်များ ဆေးဖက်ဝင်ပြီး ဝယ်ယူသူများရှိသည့်အတွက် ဒေသခံပြည်သူများမှာ  လိုက်လံဆွတ်ခူးကာ သံတောင်ကြီးမြို့နှင့်  တောင်ငူမြို့ရှိ ဆေးအိုး ပုတ်အပင် ရောင်းဝယ်လုပ်ကိုင်သူများထံ ရောင်းချပြီး ဆေးအိုးပုတ်အပင် တစ်ပိဿာလျှင်ကျပ်(၂၀၀၀၀)အထိ ရရှိသည့်တွက် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

နော်နော်မူ