ညောင်ဦး ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5/Grade -9 နှစ်ဆုံး စာမေးပွဲကို ယနေ့ နံနက်ပိုင်းက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် အခြေခံပညာကျောင်း အခြေခံပညာကျောင်း (၂၀၀) ကျောင်း၊ ပုဂ္ဂလိကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယနေ့တွင်လည်း Grade-5 ကျောင်းသားကျောင်းသူ (၆၂၃၆) ဦးမှ လူမှုရေးဘာသာရပ်ကိုလည်းကောင်း၊ Grade-9 ကျောင်းသား/ကျောင်းသူ (၄၅၈၁) ဦးမှ သမိုင်းဘာသာရပ်ကိုလည်းကောင်း ကျောင်း သား/ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာမေပွဲဖြေဆိုနေမှုများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဦးဖုန်းမောင်နှင့် ကျောင်းအုပ်ဆရာ/မကြီးများနှင့် ဆရာ/မများ ကြီးကြပ်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း(ပြန်/ဆက်)