မိုးနဲ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဆည်မြောင်းကျေးရွာနေ တောင်သူဦးခင်မိုးထွေး၏ ယာခင်းအတွင်း၌ ခရမ်းချဥ်ပင်များ စျေးကောင်းရနေသဖြင့် ယခုလမှစတင်၍ ထပ်မံစိုက်ပျိုးထားကြောင်း သိရသည်။
ခရမ်းချဥ်ပျိုးပင်များကို ကိုယ်တိုင်ပျိုးထောင်ထားကြောင်း၊ ခရမ်းချဥ်သီးများကို ကိုယ်တိုင်စိုက်ပျိုးရောင်းချသဖြင့် မီးဖိုဆောင်အသုံးစရိတ်ကိုပါ လျော့ချနိုင်ကြောင်း၊ မိမိတို့ အိမ်ခြံဝန်းများအတွင်း၌လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သည့် သီးနှံဖြစ်ကြောင်း၊ မိမိယာခင်းအတွင်း ခရမ်းချဥ်ပင် ၂၀၀ ခန့် စိုက်ပျိုးထားကြောင်း၊ သခွားမွှေး၊ ကြက်သွန်ဖြူ၊ မုန်ညှင်းစိမ်း အစရှိသည့် သီးနှံများကိုပါ စိုက်ပျိုးထားသေးကြောင်း၊ သီးနှံများ အောင်မြင်ဖြစ်ထွန်းမှုရှိစေရေး နေ့စဥ်ယာခင်းအတွင်း ပေါင်းသင်ရှင်းလင်းခြင်း၊ မြေဆွပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ စျေးနူန်းမြင့်တက်နေသော်လည်း မဖြစ်မနေ အသုံးပြုထားရသဖြင့် ယာသီးနှံများထွက်ရှိသည့်အခါတွင် စျေးကောင်းကောင်းဖြင့် ရောင်းချနိုင်ရန် မျှော်လင့်နေကြောင်း တောင်သူ ဦးခင်မိုးထွေး၏ ပြောကြားချက်အရ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)