ဖျာပုံ ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ငွေမင်းထိုက်က တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ လုံခြုံရေးဆောင်ရွက် ထားရှိမည့်အစီအစဥ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးနိုင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်နှင့် မြို့နယ်မီးသတ်ဦးစီး မှူးတို့က တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ လုံခြုံရေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား အသေးစိတ်ရှင်းလင်းဆွေးနွေးကြပြီး အခမ်းအနား သို့ တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြသည်။ ဖျာပုံ မြို့နယ်အနေဖြင့် ၂၀၂၄ ခုနှစ် စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၆)ခု ဖွင့်လှစ်ထားရှိပြီး ကျောင်းတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ(၈၁၁)ဦး၊ ပြင်ပဖြေ (၃၁)ဦး ဝင်ရောက်ဖြေဆိုမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)