ရမည်းသင်းမြို့ မြို့မဈေးအတွင်း မီးဘေးလုံခြုံရေး မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြ

ရမည်းသင်း ဖေဖော်ဝါရီ ၂၈

ရမည်းသင်းမြို့နယ်တွင် ပူပြင်းခြောက်သွေ့၍ ပွင်းလင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း မီးဘေးအန္တရာယ်မှ ကင်းစေရန်အတွက် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ဦးဆောင်၍ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များ ပူးပေါင်းကာ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီက စည် ပင်သာယာဈေးအတွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသူရလင်းက မီးလောင်မှု အကြောင်းအရင်း၊ မီးလောင်မှု အမျိုးအစားများ၊ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူး စနစ်တကျ ကိုင်တွယ်အသုံးပြုနည်း၊ မီးသတ်ယာဉ်တွင် ပါဝင်သော ပစ္စည်းများအား ရှင်းလင်းခြင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြကာ ဈေးသည်များ ကိုယ်တိုင်မီးစတင်လောင် ကျွမ်းမှု ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မီးသတ်ဆေးဘူးအား စနစ်တကျ ကိုင်တွယ် အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်စေခြင်း မီးသတ်ပိုက် အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ် စေခြင်း လုပ်ငန်းတို့ကို ဈေးသူ၊ဈေးသားများက လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းဘိုနှင့် ဝန်ထမ်းများ၊ ဈေးသူ၊ဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)