ပင်လောင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်

ပင်လောင်း ​ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးနှင့် လက်ထောက်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်း(၆၈)ဦးတို့အား (ECG)စက်ဖြင့် စမ်းသပ်ပေးခြင်း၊ နှလုံး၊ သွေးတိုး၊ ဆီးချိုများနှင့် အခြားသောရောဂါများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ​ရောဂါနှင့်သက်ဆိုင်သည့် စားဆေး၊ သောက်ဆေးများကိုလည်း အခမဲ့ပေးဝေခဲ့သည်။

အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အတွင်းရေးမှူး ရဲမှူးဇော်ဝင်းနိုင်တို့က တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)