ဝိသေသထူးခြားချက်များနဲ့ အမြဲစည်ကားလှတဲ့ ဘုရားပွဲတော်

မင်းဘူး ဖေဖော်ဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းမှ ရွှေစက်တော်ဘုရားပွဲသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော်လည်း ဝိသေသထူးခြားချက်များနဲ့ ဘုရားကြီး၏ တန်ခိုးတော်တို့ကြောင့် ဘုရားပွဲတော်မှာ အမြဲစည်ကားလျက် ရှိပေသည်။

ရှေးမြန်မာဘုရင်များ လက်ထက်မှစ၍ ပွဲတော်ကို ကျင်းပလာခဲ့သည်မှာ ၂၅၉၀ ကြိမ်မြောက်တိုင်ခဲ့ပြီဖြစ်သည်။ နှစ်စဉ်သုံးလတိုင် ကျင်းပသည့် ဘုရားပွဲတော်ဖြစ်သော်လည်း ကမ္ဘာလှည့်ခရီးသွားများအပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် အမြဲစည်ကားလျက်ရှိပေသည်။

ဘုရားကြီး၏ ထူးခြားသည့် ဝိသေသလက္ခဏာများကတော ဘုရားကြီးသည် မြတ်စွာဘုရားရှင်၏ စက်လက္ခဏာခြေတော်ရာအစစ်ဖြစ်ခြင်း၊ သစ္စာဗန္ဓရဟန္တာမထေရ်မြတ် ကိုးကွယ်ခဲ့သော ခြေတော်ရာဖြစ်ခြင်း၊ မြန်မာနိုင်ငံတွင် ရက်အရှည်ကြာဆုံးကျင်းပသည့် ပွဲတော်ဖြစ်ပြီး ပထဝီအနေအထားအရ အလယ်ဗဟိုတွင်ကျရောက်နေကာ အချက်အချာကျ၍ လာရောက်ဖူးမြော်သူများ အဆင်ပြေကြခြင်း၊ ဘုရားကြီးဝန်းကျင်းရှိ တောတောင်ရေမြေစိမ့်စမ်းများနှင့် အခြားကြည့်ရှုလေ့လာလည်ပတ်စရာ အထင်ကရနေရာများက ဝန်းရံထားတာကြောင့် သမိုင်းဝင် မန်းရွှေစက်တော်ဘုရားပွဲတော်သည် ဘုရားဖူးပြည်သူများဖြင့် အမြဲစည်ကားလျက်ရှိပေသည်။

ဇေယျထက်(မင်းဘူး)