ခမောက်ကြီး ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အခြေခံပညာကျောင်းများ၌ ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ စတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(Grade -5)နှင့် (Grade-9) ခရိုင်စစ်စာမေးပွဲကြီးဖြေဆိုလျက်ရှိရာ ယမန်နေ့က(Grade-5)ပြီးဆုံး၍ ယနေ့တွင် (Grade-9) ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်ဆုံးခရိုင် စစ်စာမေးပွဲကို ခမောက်ကြီးစာဖြေဌာနတွင် (Grade-9) ကျောင်းသား/သူများက စာရင်းရှိ(၈၉)ဦးတွင် (၈၃)ဦးက ယနေ့တွင် နောက်ဆုံးဘာသာရပ်ဖြစ်သော သိပ္ပံဘာသာရပ်ကိုဖြေဆိုခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဆုံးခရိုင်စစ် စာမေးပွဲအား အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ပညာရေးဌာနမှ တာဝန်ရှိသူများဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)