အောင်လံ ဖေဖော်ဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ မြို့မဈေး၊ မြနန္ဒာဈေးတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြသပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ညနေ ၃ နာရီက ပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး အမှုဆောင်အရာရှိနှင့် မီးသတ်ဦးစီးတို့က ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက လိုအပ်သည်များကို ထပ်မံဖြည့်စွက်ဆွေးနွေးပြောကြားကာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က သရုပ်ပြသခြင်းဆောင်ရွက်သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)