လက်ပံတန်းမြို့နယ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်

လက်ပံတန်း ဖေဖော်ဝါရီ ၂၉

 ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက လက်ပံတန်းမြို့ ဘီးလင်းတန်းရပ်ကွက်၌ ဆောင်ရွက်ရာ လက်ပံတန်းမြို့နယ် သန်းခေါင်စာရင်း  ကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

လက်ပံတန်းမြို့နယ် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီအနေဖြင့် (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းကို ဇန်နဝါရီလမှ မတ်လအတွင်း ဆောင်ရွက်ရမည်ဖြစ်ရာ ယနေ့အထိ မြို့​ပေါ် (၄) ရပ်ကွက် ကောက်ကွက်  (၆၀) ကွက် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန် /ဆက်)