မိုင်းဖြတ်၌ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်​ဆောင်မိခင်များနှင့် အသက် (၂) နှစ်​အောက် က​လေးငယ်များအတွက် ​ထောက်ပံ့​ငွေများ လွှဲ​ပြောင်း​ပေးအပ်

မိုင်းဖြတ် ဖေ​ဖော်ဝါရီ ၂၉

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ  အသက် (၈၅) နှစ်အထက် ဘိုးဘွားများ၊ ကိုယ်ဝန်​ဆောင်မိခင်နှင့် ၎င်းတို့မှ​မွေးဖွားသည့် အသက် (၂) နှစ်​အောက် က​လေးငယ်များကို  ​ထောက်ပံ့​ငွေ​ပေးအပ်နိုင်​ရေးအတွက် တာဝန်ရှိသူများ လွှဲ​ပြောင်း​ပေးအပ်ခြင်းကို ယ​နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့​သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ရပ်ကွက်နှင့် ​ကျေးရွာများအလိုက် ​ထောက်ပံ့​ငွေရရှိသည့် အ​ခြေအ​နေများကို ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ​ဒေါ်သိမ့်သိမ့်ထွန်းတို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသက် (၈၅) နှစ်အထက် ဘိုး၊ ဘွား (၈၄) ဦး၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့်  အသက် (၂) နှစ်အောက် ကလေးသူငယ် (၅) ဦးတို့အတွက် ​ထောက်ပံ့​ငွေများကို ရပ်ကွက်နှင့်​ကျေးရွာ အုပ်စုအုပ်ချုပ်​ရေးမှူးများ၊ ရပ်​ကျေးစာ​ရေးများထံ လွှဲ​ပြောင်း​ပေးအပ်ခဲ့သည်။

အဆိုပါ​ ထောက်ပံ့​ငွေများသည် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တတိယ (၃) လပတ်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် တစ်ဦးလျှင် (၁) လ  (၁၀၀၀၀) ကျပ်ဖြင့် (၃) လအတွက် ဘိုးဘွား (၈၄) ဦးအတွက်လည်း​ကောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအတွက် ပထမ (၃) လပတ်(ဧပြီ၊ မေ၊ ဇွန်)လတွင် ထောက်ပံ့ရန်ကျန်ရှိသည့် (၅) ဦးအတွက် တစ်ဦးလျှင် (၁) လ (၁၅၀၀၀) ကျပ်ဖြင့် (၃) လအတွက် (၄၅၀၀၀) ကိုထောက်ပံ့​ပေးခြင်းဖြစ်ပြီး ထောက်ပံ့​​ငွေများကို တာဝန်ရှိသူများက အိမ်တိုင်ယာ​ရောက် ​ဆက်လက် ပေးအပ်သွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)