မအူပင် ဖေဖော်ဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းအား မအူပင်ခရိုင် မီးသတ်ဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားရာ ယမန်နေ့ နံနက် (၇)နာရီအချိန်က ကြိုးချည်နည်းဘာသာရပ်အား ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါသင်တန်းအား မအူပင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးစီး၍ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကိုမင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးထက်တို့မှ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးအား သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်နည်းများ၊ Hydraulic ကယ်ဆယ်ရေးသုံး ပစ္စည်းများ အသုံးပြုနည်း ကြိုးချည်နည်း၊ အသက်ရှုကိရိယာ BAZ အသုံးပြု၍ ကယ်ဆယ်နည်းများ၊ ကြိုးတက်ကြိုးဆင်းနည်းများနှင့် မီးငြှိမ်းသတ်နည်းများအား ဘာသာရပ်အလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလမှာ (၁၉-၂-၂၀၂၄ မှ ၂၆-၃-၂၀၂၄) ရက်နေ့ထိ (၄)ပတ်တာကာလဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)